အထွေထွေမေးခွန်းများ

အချိုမှုန့် ဆိုတာ ဘာလဲ။

အချိုမှုန့် သည် ပရိုတင်းများ၌ တွေ့ရသော အမိုင်နိုအက်စစ်အမျိုးအစား အရေးပါဒြပ်ပေါင်းတစ်ခု ဖြစ်သည့် ဂလူတာမစ်အက်စစ်ပုံဆောင်ခဲ ဓာတ်ဆား (Glutamic Acid) ဖြစ်သည်။ ဓာတုအမည်မှာ MSG  (ခေါ်) မိုနိုဆိုဒီယမ် အယ်လ်-ဂလူတာမိတ် (Monosodium L-Glutamate) ဖြစ်ပြီး၊ မော်လီကျူးအလေးချိန် 187.13 ရှိသည်။ ရေမော်လီကျူး 1 ခုပါဝင်သည့် အချိုမှုန့်သည် ပုံဆောင်ခဲသဏ္ဍာန် သို့မဟုတ် အဖြူရောင် အမှုန့်အဖြစ် တည်ရှိပြီး၊ အနံ့မဲ့၍ သီးသန့်အရသာရှိကာ အစားအသောက်ကို အရသာတိုးပွားထူးခြားစေသည်။

အချိုမှုန့် သည် ပရိုတင်းများ၌ တွေ့ရသော အမိုင်နိုအက်စစ်အမျိုးအစား အရေးပါဒြပ်ပေါင်းတစ်ခု ဖြစ်သည့် ဂလူတာမစ်အက်စစ်ပုံဆောင်ခဲ ဓာတ်ဆား (Glutamic Acid) ဖြစ်သည်။ ဓာတုအမည်မှာ MSG  (ခေါ်) မိုနိုဆိုဒီယမ် အယ်လ်-ဂလူတာမိတ် (Monosodium L-Glutamate) ဖြစ်ပြီး၊ မော်လီကျူးအလေးချိန် 187.13 ရှိသည်။ ရေမော်လီကျူး 1 ခုပါဝင်သည့် အချိုမှုန့်သည် ပုံဆောင်ခဲသဏ္ဍာန် သို့မဟုတ် အဖြူရောင် အမှုန့်အဖြစ် တည်ရှိပြီး၊ အနံ့မဲ့၍ သီးသန့်အရသာရှိကာ အစားအသောက်ကို အရသာတိုးပွားထူးခြားစေသည်။


အချိုမှုန့်ကို လူသားတို့ မည်သို့မည်ပုံ စူးစမ်းတွေ့ရှိလာပါသလဲ။

အချိုမှုန့်ဒြပ်ပစ္စည်းကို လွန်ခဲ့သည့် ရှေးနှစ်ပေါင်းနှစ်ထောင်ကျော်ကာလတည်းကပင် လူသားတို့ သိရှိရင်းနှီးခဲ့ကြပြီး ဖြစ်ပါသည်။ ဆိုရပါက တရုတ်နှင့်ဂျပန်လူမျိုးသည် ပင်လယ်ရေအေး၌ ပေါက်သည့် အကြီးစားပင်လယ်ရေညှိတစ်မျိုးဖြင့် စွပ်ပြုတ်ရည်အရသာကောင်းအောင် စီမံပြုလုပ်လာခဲ့ပါသည်။ အနောက်နိုင်ငံသားများမှာမူ အစားအစာ အရသာကောင်းစေရန် မှို ခရမ်းချဉ်သီးများကို သုံးစွဲခဲ့ပါသည်။ ခရစ်နှစ် 1908 အရောက်၌မူ ပင်လယ်ရေညှိ(Laminaria Japonica) မှနေပြီး အရသာဖြည့်ဟင်းခတ်ပစ္စည်း (Flavoring agent)ကို တိုကျိုတက္ကသိုလ် ပါမောက္ခ Kikunae Ikeda မှ ခွဲခြားထုတ်ယူနိုင်ခဲ့ပြီး၊ ၎င်း Seasoning agent သည်ပင် အစားအစာအရသာ တိုးတက်ကောင်းမွန်စေသည့် ဂလူတာမိတ် ဖြစ်ပါသည်။


ဂလူတာမိတ်ကို မည်သည့်ပစ္စည်းများ၌ တွေ့ရှိနိုင်သနည်း။

ဂလူတာမိတ်သည် အသား ငါး နို့ မိခင်နို့ ဟင်းရွက် ပဲ ဒိန်ခဲ ခရမ်းချဉ် နှင့် အခြားစားစရာ စသဖြင့် အစားအစာအမျိုးတိုင်းနီးပါးလောက်၌ ပါရှိနေပြီး ဖြစ်သည့် သဘာဝဒြပ်ပေါင်း တစ်မျိုး ဖြစ်သည်။ ကျွန်ုပ်တို့လူသားများသည် ဂလူတာမိတ်ကို ကိုယ်တိုင် ထုတ်လုပ်မှုပြုနိုင်ပြီး၊ ၎င်းဓာတ်ကို ဦးနှောက်ကြွက်သားအပါအဝင် အခြားသော တစ်ရှူးအင်္ဂါအစိတ်အပိုင်းများ၌ပါ တွေ့ရှိရနိုင်ပါသည်။

ဂလူတာမိတ်ကို သဘာဝထဲ၌ ပုံစံ(2) မျိုးဖြင့် တွေ့ရှိနိုင်ပါသည်။

    1. ပေါင်းစည်းပုံစံ (Bound Form) - အခြားအမိုင်နိုအက်စစ်များနှင့် ပေါင်းစည်းလျက် ပရိုတင်းအဖြစ် ဖြစ်တည်နေမှု
    2. လွပ်လပ်ပုံစံ (Free Form) - အစားအစာအရသာတိုးမြှင့်ပေးသည့် အရေးပါသောပုံစံအမျိုးအစား ဖြစ်သည်။


အချိုမှုန့်ကို မည်ကဲ့သို့ ထုတ်လုပ်ကြပါသလဲ။

  1. ဓာတုဒြပ်ပစ္စည်းမှ ချက်လုပ်ထုတ်ယူခြင်း
  2. Hydrolysis Method - Glutamine ပုံစံ Glutamic Acid (Monoamide of Glutamic Acid) ပါရှိ သဘာဝပရိုတင်းရင်းမြစ်များ ဖြစ်သည့် Wheat Gluten သို့မဟုတ် Soybean Meal မှ ချက်လုပ်ယူခြင်း
  3. Fermentation Method - တစ်ချို့သော အဏုဇီဝပိုးမွှားသုံး၍ ပီလောပီနံကော်မှုန့် (Tapioca-Starch)ကို Hydrolyze လုပ်ရာမှ ရရှိသည့် သကြားကိုစိမ်၍ အချဉ်ဖောက်ခြင်းဖြင့် သို့မဟုတ် တင်လဲရည် (Cane Molasses, Beet Molasses) တို့၌ ပါရှိသည့် သကြား (Glucose, Fructose, Sucrose)ကို အချဉ်ဖောက်ခြင်းဖြင့် ချက်လုပ်ယူခြင်း

ကိုးကား - ဒေါက်တာဖတ်ခ်ဒီ ဖိုထိစိရိ ပြုစုသော သန့်ရှင်းကျန်းမာရေးနှင့်ပတ်ဝန်းကျင်စာအုပ်ပါ “အရသာဖြည့်စွက်ဒြပ်ပစ္စည်းများနှင့် ဟင်းချိုမှုန့်အမျိုးအစားတစ်ချို့အကြောင်း သိကောင်းစရာ” နှင့် ဂလူတာမိတ်သတင်းအချက်အလက်ဌာန (Glutamate Information Center - GIC) ၏စာတမ်းမှနေ၍ အချိုမှုန့်ထုတ်လုပ်သူလုပ်ငန်းရှင်များအသင်းမှ ဘာသာပြန်ထားသည့် ဆောင်းပါးများ


အချိုမှုန့်၌ မည်သည့်အကျိုးကျေးဇူးများ ရှိပါသလဲ။

  1. သက်ကြီးရွယ်အို၌ အစာစားသောက်လိုစိတ် တိုးလာစေခြင်း
    သက်ကြီးသူများစွာတွင် အရသာခံစားနိုင်သည့် ရသာဖုများ ငယ်ရွယ်စဉ်ကလို ကောင်းမွန်မှု မရှိတော့သဖြင့် အစားအသောက်၌ အရသာ သိပ်မတွေ့တော့ပဲ အစားအစာကို ငြီးငွေ့လာရာမှ တစ်ဖြည်းဖြည်း စတင်၍ ပိန်ချုံးလာနိုင်ပါသည်။ ဤပြဿနာအတွက် ဖြေရှင်းနည်း တစ်ရပ်အဖြစ် အစားအစာတွင်း အချိုမှုန့်အနည်းငယ် တိုး၍ ထည့်သွင်းပေးရုံဖြင့် သက်ကြီးသူများ၌ အစားအစာ၏ အရသာကို ပိုမိုကောင်းမွန်စွာ လက်ခံသိရှိ စားကောင်းစေပါမည်။
  2. အစာအိမ်နှင့်တံတွေးဂလင်းလုပ်ဆောင်ချက် ပိုကောင်းလာအောင် ကူညီပေးခြင်း
    အစာအိမ်သိမ်ဝင်သွားမှု သို့မဟုတ် တံတွေးဂလင်းကောင်းစွာ အလုပ်မလုပ်နိုင်မှု စသည့်အခြေအနေမျိုး ဖြစ်ရှိနေသည့် လူနာတွင် အာခံတွင်း တံတွေးခြောက်ခမ်း၍ အစာစားလိုစိတ် ကင်းမဲ့လာစေနိုင်သည်။ ဤကိစ္စမျိုး၌ အစားအစာတွင်း အချိုမှုန့်ထည့်၍ အရသာဖြည့်စွက်ပေးခြင်းသည် လူနာကို အစာပိုစားလိုစိတ် ရှိလာစေအောင် လှုံ့ဆော်ပေးနိုင်ပါသည်။
  3. အစားအစာတွင်းရှိ ဆိုဒီယမ်ဓာတ်ဆားပမာဏကို ကူညီလျှော့ချပေးနိုင်ခြင်း
    စိတ်ကျေနပ်သော လေးပင်အရသာ ရရှိလာသည်အထိ အစားအစာတွင်း ငံပြာရည် သို့မဟုတ် ဟင်းခပ်ဆား အမြောက်အမြား ထည့်သွင်းချက်ပြုတ်လေ့ရှိသည့် အငံအရသာစွဲလမ်းနေသူ အနေဖြင့် အချိုမှုန့်အနည်းငယ်ထည့်သွင်းပေးခြင်းဖြင့် ဟင်းခပ်ဆား အသုံးပြုရမှုကို လျှော့ချနိုင်ပါသည်။ သုတေသနပြုချက်များအရ ဆားလျှော့၍ အချိုမှုန့်အစားထိုးထည့်သွင်းမှုသည် နဂိုမူလ ချက်ပြုတ်နေကျ အရသာထက် မနိမ့်ကြောင်း တွေ့ရှိရသဖြင့် အချိုမှုန့်အနည်းငယ်ထည့်သွင်းပေးခြင်းဖြင့် အစားအစာ အရသာ မပြောင်းလဲပဲ ဟင်းခပ်ဆားအသုံးပြုမှုမှ လျှော့ချပေးနိုင်ပါသည်။

ကိုးကား http://health.sanook.com/4945/

ရာချာချူရော့စ် ကုမ္ပဏီ လီမိတက်

ကေအက်စ်အယ်လ်တာဝါ အထပ်(20)
အမှတ်(503) စရီးအယုထယာလမ်း ဖယာထိန်ရပ်ကွက်
ရတ်ချထေဝီမြို့နယ် ဘန်ကောက် 10400

ဖုန်း 02-642-6210
ဖက်စ် 02-642-6220
အီးမေးလ် msg-racha@kslgroup.com

 

စက်ရုံ

အမှတ်(15) အစု(17) စင်းချူတိုလမ်း ထားဖားရပ်ကွက် ဘန်းပိုမြို့နယ် ရတ်ချဘူရီခရိုင် 70110

ဖုန်း 032-743-224-6  
ဖက်စ် : 032-743-223

Social