ကျွန်ုပ်တို့အကြောင်း

logo-slide.png

ကုမ္ပဏီသမိုင်းကြောင်း

ရာချာချူရော့စ်ကုမ္ပဏီလီမိတက်ကို 1967 ခုနှစ် နိုဝင်ဘာလ 26 ရက်နေ့၌ စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ လက်ရှိအချိန်၌ ကုမ္ပဏီ၏ ခွင့်ပြုချက်ရ ရင်းနှီးမတည်မြှုပ်နှံငွေစုစုပေါင်းမှာ ဘတ်သန်း (420) ရှိပြီး၊ ထိုင်းအစုရှယ်ယာရှင်နှင့် တိုင်ဝမ်အစုရှယ်ယာရှင်တို့မှ 51 : 49 ရာခိုင်နှုန်းအချိုးအစားဖြင့် ပူးတွဲထည့်ဝင် ရင်းနှီးမြှုပ်နှံထားကြပါသည်။

ကုမ္ပဏီပိုင်စက်ရုံမှာ အမှတ်(15) အစု(17) ကီလိုမီတာအမှတ်(86) ထားဖားရပ်ကွက် ဘန်းပိုမြို့နယ် ရတ်ချဘူရီခရိုင်တွင် မြေအကျယ် (135)ရိုင်းပေါ်၌ ဆောက်လုပ်တည်ရှိပါသည်။

ရာချာချူရော့စ်ကုမ္ပဏီလီမိတက်မှ ဇွန်းတံဆိပ် အချိုမှုန့်စစ်စစ်ကို ပြည်တွင်းနှင့်နိုင်ငံခြားဈေးကွက်၌ ထုတ်လုပ် ဖြန့်ဖြူးရောင်းချလာခဲ့ သည်မှာ နှစ်ပေါင်း(50)ကျော် ကြာမြင့်သွားပြီ ဖြစ်ပါသည်။ ထုတ်လုပ်ရေးပိုင်းနှင့် ဈေးကွက်ရောင်းချဖြန့်ဖြူးမှုအပိုင်း၌ပါ စဉ်ဆက်မပြတ် တိုးတက်ဖော်ဆောင်မှုများဖြင့် ကုမ္ပဏီ၏ အရည်အသွေးပြည့်မီ ကုန်စည်ပစ္စည်းများသည် ပြည်တွင်းနှင့် ပြည်ပရှိ စားသုံးသူလူထုနှင့် စက်မှုလုပ်ငန်းနယ်ပယ်တွင်း၌ ကျယ်ပြန့်သော လက်ခံနှစ်သက်မှု ရရှိနေပါသည်။

အရည်အသွေးမူဝါဒပေါ်လစီ

“သန့်ရှင်းဘေးကင်းသည့် စံချိန်မီကုန်စည်ပစ္စည်း ထုတ်လုပ်မှုဖြင့် ဖောက်သည် ကျေနပ်အားရမှုကို ဖော်ဆောင်လျက် ကုမ္ပဏီအဖွဲ့အစည်းကို မပြတ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားရန်”

ဇွန်းတံဆိပ် အရည်အသွေးမီ အချိုမှုန့်

ဇွန်းတံဆိပ်အချိုမှုန့်စစ်စစ်ကို မီးဖိုချောင်အိမ်တွင်းသုံးအတွက် 5 ၊ 10 ၊ 20 ၊ 30 ၊ 40 ၊ 50 ၊ 100 ၊ 250 ၊ 500 ၊ 1000 ဂရမ် အထုပ်ဆိုဒ်၊ စားသောက်ဆိုင်များအတွက် 2 ၊ 3 ကီလိုဂရမ် အထုပ်ဆိုဒ်နှင့် စားကုန်စက်မှုလုပ်ငန်းများအတွက် 5 ၊ 10 ၊ 15 ၊ 25 ကီလိုဂရမ် အထုပ်ဆိုဒ်  အသီးသီးအပြင် အချိုမှုန့်ကို အစေ့သေးမှ အစေ့ကြီး အထိ အသုံးလိုအပ်ချက်နှင့်အညီ သင့်တော်သလို ရွေးချယ်ဝယ်ယူ သုံးစွဲနိုင်အောင် ထုတ်လုပ်ပေးထားပါသည်။

ကုမ္ပဏီမှ ထုတ်လုပ်နေသည့် အချိုမှုန့်ကို အုပ်စု(2)စု ခွဲခြားနိုင်ပါသည်။

  1. အပွင့်အချပ်ပုံစံ
  2. အမှုန့်ပုံစံ
product.jpg

မျက်စိခလုတ်တိုက်မိသွားစေမယ့် ထူးခြားပေါ်လွင် အသွင်အပြင်သစ်

မိမိတို့၏ အချိုမှုန့်ထုပ်အား ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်ဖြစ်ရှိမှုကို အသားပေးလျက် စားသုံးသူတို့၏ အမြင်အာရုံကို ဆွဲဆောင်ဖမ်းစား ထားနိုင်မည့် ခေတ်မှီထုပ်ပိုးမှုပုံစံသို့ ရာချာချူရော့စ်မှ ပြောင်းလဲထားပါသည်။ အထုပ်ကို စားချင့်စဖွယ်စားဖွယ်ပုံများ ဖြည့်၍ ခေတ်အမှီဆုံး နည်းပညာဖြင့် ပုံနှိပ်ထားပါသည်။ ၎င်းအပြင် ရာချာချူရော့စ်အချိုမှုန့်ထုပ်အစစ် ဖြစ်ကြောင်း စားသုံးသူမှ ပိုမို၍ စိတ်ချသေချာစေနိုင်ရန် ရာချာချူရော့စ်တံဆိပ်ကို အသွင်သစ်ပလပ်စတစ်ထုပ်ပေါ်၌ ဖောင်းကြွပုံနှိပ်ပေးထားပါသည်။ ထုတ်လုပ်မှုစရိတ် ပိုတက်လာသော်လဲ အသွင်သစ် ရာချာချူရော့စ်အချိုမှုန့်ထုပ်သည် မူလအရည်အသွေးအပြည့် စံချိန်မီ အချိုမှုန့်စစ်စစ်ဖြစ်ကြောင်း စိတ်ချရစေပါမည်။ ထိုင်း တရုတ် သို့မဟုတ် အခြားမည်သည့်ဒေသ ရိုးရာစားဖွယ်ဖြစ်စေ ဈေးနိမ့်/ဈေးမြင့်သည်ဖြစ်စေ စားဖွယ်မီနူးတိုင်းကို မင်းစိုးရာဇာအတွက် စီမံချက်ပြုတ်ပေးထားသလို အိမ်သူအိမ်သားတို့မှ မြိန်ရှက်အရသာရှိစွာ သုံးဆောင်နိုင်အောင် ရာချာချူရော့စ်မှ လုပ်ဆောင်ပေးနိုင်ပါသည်။

ဖြန့်ဖြူးရောင်းချမှုလမ်းကြောင်းများ

လက်ရှိကာလ၌ ကုန်စည်ဖြန့်ဖြူးရေးကွန်ယက်များကို တစ်နိုင်ငံလုံးအနှံ့ တိုင်းဒေသတိုင်း ခြုံငုံမိစေအောင် ရာချာချူရော့စ်ကုမ္ပဏီမှ အောက်ပါအတိုင်း တိုးချဲ့ဆောင်ရွက်နေပါသည်။

  • ဘန်ကောက်နှင့်ဆင်ခြေဖုံးဒေသ : ထေဖာရတ်ဗဟိုဌာန
  • အလယ်ပိုင်းတိုင်းဒေသ : ရတ်ချဘူရီဗဟိုဌာန နှင့် ရယောင်းဗဟိုဌာန
  • မြောက်ပိုင်းတိုင်းဒေသ : ဇင်းမယ်ဗဟိုဌာန
  • အီဆန်းတိုင်းဒေသ : ဥဒွန်ဌာနီဗဟိုဌာန
  • တောင်ပိုင်းတိုင်းဒေသ : ဖတ်ထလူဗဟိုဌာန

ကုန်စည်ဖြန့်ဖြူးရေးဗဟိုဌာနများမှ ကုန်ပစ္စည်းကို စားသုံးသူနှင့်အရောင်းဆိုင်များဆီ နေ့စဉ် လျင်မြန်သွက်လက်စွာ ပို့ဆောင်ဖြန့်ဖြူး ပေးနေပါတယ်။

၀န်ထမ်းရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေး

အဖွဲ့အစည်းတွင်း လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားစွာဖြင့် လေ့ကျင့်မွမ်းမံမှု/သင်တန်းပေးမှု/လှုပ်ရှားဆောင်ရွက်မှုများ အသီးသီးဖြင့် ပိုမိုထက်မြက်သည့် ဝန်ထမ်းစွမ်းဆောင်ရည် ရရှိလာစေအောင် ရာချာချူရော့စ်ကုမ္ပဏီမှ ကြိုးပမ်းအားထုတ်နေပါသည်။ ထို့အပြင် အလုပ်ခွင်တွင်းစွမ်းရည်ရလဒ်တိုးစေရေး မက်လုံးအဖြစ် လူနေမှုစရိတ်ထောက်ပံ့ကြေး၊ ကြိုးစားအားထုတ်ခ၊ ဘောနပ်ဆုကြေးငွေ၊ ကိစ္စအခြေအနေအသီးသီးအလိုက် ကူညီထောက်ပံ့ငွေ၊ နှစ်စဉ်အလည်အပတ်ခရီး စသည့် လူမှုဖူလုံရေးအထောက်အပံ့များ အသီးသီးဖြင့် ဝန်ထမ်းတို့ ဝင်ငွေတိုးပွားရရှိနိုင်စေမည့် အစီအမံများကို ကမကထပြု ကူညီဖော်ဆောင်ပေးနေပါသည်။

ကုမ္ပဏီဂုဏ်ဆောင် ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ

Certificate 01
Certificate 02
Certificate 03
Certificate 04

အကောင်းဆုံးအရည်အသွေးရှိ ကုန်ကြမ်းပစ္စည်းရွေးချယ်ဝယ်ယူမှု မှစ၍ ထုတ်လုပ်ရေးလုပ်ငန်းစဉ်အဆင့်တိုင်းရှိ သန့်ရှင်းဘေးကင်းရေး စစ်ဆေးအတည်ပြုမှုနှင့် ဖောက်သည်ထံပေးပို့မှုအဆင့်အထိ အထူးအသေးစိတ်ကျသည့် အရည်အသွေးထိန်းချုပ်ရေးလုပ်ငန်းစဉ်များဖြင့် ရာချာချူ‌ရော့စ်သည် ပြည်တွင်းနှင့် နိုင်ငံရပ်ခြား အဖွဲ့အစည်းထံမှ အရည်အသွေးထောက်ခံချက်လက်မှတ်များနှင့်အတူ မြောက်မြားစွာသော အောက်ပါ ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ ရရှိထားပါသည်။

  • ISO 9001:2000 ထောက်ခံချက်စံနှုန်း - ထိုင်းနိုင်ငံတွင်း အချိုမှုန့်ထုတ်လုပ်သူများအထဲမှ ပထမဦးဆုံး ရရှိသူ
  • ISO 9001:2008 (INTERNATIONAL ORGANIZATION STANDARDIZATION) ထောက်ခံချက်စံနှုန်း - ကုန်စည်ထုတ်လုပ်/ဝန်ဆောင်မှု စွမ်းရည်ရလဒ်ကို အချင်းချင်းအလဲအပြောင်းပြုလက်ခံရယူစေမှုဖြင့် နိုင်ငံတကာကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဖွဲ့စည်းထားသည့် နိုင်ငံတကာစံနှုန်းအဖွဲ့အစည်း၏ ထောက်ခံချက်
  • GMP (GOOD MANUFACTURING PRACTICE) ထောက်ခံချက်စံနှုန်း - ကုန်ထုတ်လုပ်ငန်းစဉ်နှင့်စပ်ဆိုင်ရာ တစ်ကိုယ်ရေသန့်ရှင်း ကျန်းမာရေး၊ ရောဂါသယ်ဆောင်ပိုးမွှားတိရိစ္ဆာန်၊ ရေရယူသုံးစွဲမှု စသည့် အခြေခံပတ်ဝန်းကျင်ပိုင်း ကြီးကြပ်ထိန်းချုပ်ရေးစံနှုန်း ထောက်ခံချက်
  • ရာချာချူရော့စ်သည် ကမ္ဘာတစ်ဝှမ်းရှိ မူဆလင်ဘာသာဝင် လက်ခံအသိအမှတ်ပြု စောနော်ငေါ် (ခေါ်) ထိုင်းအစ္စလာမ်မစ်ကော်မတီ ထောက်ခံချက်လက်မှတ်အား ပထမဆုံး ရရှိထားသော ကုမ္ပဏီလဲ ဖြစ်ပါသည်။
  • ရာချာချူရော့စ်သည် ထိုင်းနိုင်ငံတွင်း အချိုမှုန့်ထုတ်လုပ်သူများအထဲမှ တုဗ်နော့ဒ်(ထိုင်း)ကုမ္ပဏီလီမိတက်မှ ကိုယ်စားပြု ပေးအပ်သော HACCP အသိအမှတ်ပြုလက်မှတ် ရရှိထားသည့် ပထမဦးဆုံးနှင့် တစ်ဦးတည်းသော ကုမ္ပဏီ ဖြစ်ပါသည်။ ဤထောက်ခံချက်စနစ်သည် စားသုံးတို့အား အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာတွင်း အဏုဇီဝပိုးမွှား၊ ဓာတုဒြပ်ပစ္စည်းနှင့် အခြား မလိုလားဖွယ် ရောစပ်ပါဝင်မှုများ လျော့ပါးကင်းရှင်းစေအောင် ထိန်းချုပ်ကြီးကြပ်သည့် အစားအစာဘေးကင်းလုံခြုံရေးပိုင်းဆိုင်ရာ အရည်အသွေးထောက်ခံချက်စနစ် ဖြစ်ပါသည်။

    အထက်ပါ အကြောင်းများကြောင့် ရာချာချူရော့စ်သည် စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍ၌ ထိုင်းနိုင်ငံတွင်း၌ သာမကပဲ ဥရောပ အမေရိက အာဖရိက စသည့် ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီး၌ပါ လက်ခံသိမှတ်မှု ရရှိထားသည့် အပြင် အင်ဒိုချိုင်းနားဒေသတွင်း၌ပါ နံပတ်တစ်ရောင်းအားအကောင်းဆုံး အဖြစ် ရှိနေပါသည်။

ရာချာချူရော့စ် ကုမ္ပဏီ လီမိတက်

ကေအက်စ်အယ်လ်တာဝါ အထပ်(20)
အမှတ်(503) စရီးအယုထယာလမ်း ဖယာထိန်ရပ်ကွက်
ရတ်ချထေဝီမြို့နယ် ဘန်ကောက် 10400

ဖုန်း 02-642-6210
ဖက်စ် 02-642-6220
အီးမေးလ် msg-racha@kslgroup.com

 

စက်ရုံ

အမှတ်(15) အစု(17) စင်းချူတိုလမ်း ထားဖားရပ်ကွက် ဘန်းပိုမြို့နယ် ရတ်ချဘူရီခရိုင် 70110

ဖုန်း 032-743-224-6  
ဖက်စ် : 032-743-223

Social