ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်တိုင်း၌ အရည်အသွေးအတိ ပြည့်လွှမ်းလျက်
ရာချာချူလွတ်စ် ကုမ္ပဏီ လီမိတက်၏ အချိုမှုန့်ထုတ်လုပ်ရေးစက်ရုံသည် ရတ်ချဘူရီခရိုင်အတွင်း၌ တည်ရှိသည့် အကြီးဆုံး အချိုမှုန့်စက်ရုံဟု ဆိုနိုင်ကာ၊ စက်ရုံတွင်း အချိုမှုန့်နှင့် ဂလူတာမစ်အက်စစ်ထုတ်လုပ်မှုအတွက် တိုင်ဝမ်နိုင်ငံမှ ခေတ်မီလှသည့်နည်းပညာများကို အသုံးပြုထားသည်။
ဇွန်းနီတံဆိပ် အချိုမှုန့်ထုတ်လုပ်မှု လုပ်ငန်းစဉ်သည် အကောင်းဆုံး အရည်အသွေးရှိ ကုန်ကြမ်းပစ္စည်းကို ရွေးချယ်မှုမှ စတင်လျက် အထူးသဖြင့် ပီလောပီနံနှင့် ကြံကို ရာချာချူလွတ်စ်၏ သီးသန့်ဖော်မြူလာ မွေးမြူ စစ်ထုတ်ထားသည့် အဏုဇီဝပိုးမွှားဖြင့် အချဉ်ဖောက်၍ ခေတ်မှီသည့်စက်ယန္တရားများသုံးလျက် ထုတ်လုပ်ကာ ဖောက်သည်ထံသို့ ကုန်ပစ္စည်းပေးပို့မှု လုပ်ငန်းစဉ်အထိ လုပ်ငန်းစဉ်အဆင့်တိုင်း၌ ဘေးကင်းမှု အရည်အသွေးစစ်ဆေးမှုများဖြင့် ထိန်းချုပ်ကြီးကြပ်ထားပါသည်။